back

ဘန်ကောက်ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာမှာ ရှာဖွေမှုအများဆုံး ခရီးသွား မြို့တော် ဖြစ်

Jan 07 • 2:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာမှာ ရှာဖွေမှုအများဆုံး ခရီးသွား မြို့တော် ဖြစ်

စပိန်နိုင်ငံအခြေစိုက် eDreams ODIGEO ခရီးသွားကုမ္ပဏီရဲ့ အချက်အလက်တွေအရ ဘန်ကောက် ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာမှာ လူကြိုက်အများဆုံးနဲ့ ရှာဖွေမှုအများဆုံး ခရီးသွားမြိ...

စပိန်နိုင်ငံအခြေစိုက် eDreams ODIGEO ခရီးသွားကုမ္ပဏီရဲ့ အချက်အလက်တွေအရ ဘန်ကောက် ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာမှာ လူကြိုက်အများဆုံးနဲ့ ရှာဖွေမှုအများဆုံး ခရီးသွားမြို့အဖြစ် နံပါတ် (၁) နေရာကို ရရှိသွားပါတယ်။ အဲဒီ ကုမ္ပဏီက ထုတ်ပြန်တဲ့ ထိပ်တန်း မြို့ ၁၀ မြို့စာရင်းမှာ ဘန်ကောက်က တိုကျို၊ ပါရီ၊ လန်ဒန်နဲ့ နယူးယောက်မြို့တွေကို ကျော်ဖြတ်ပြီး ပထမနေရာကို ရောက်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် ထူးခြားတာက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဖူးခက်ကျွန်းကလည်း အဲဒီ စာရင်းရဲ့ နံပါတ် (၆) နေရာမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့် ရှာဖွေမှုအများဆုံး ခရီးသွား ၁၀ မြို့စာရင်းမှာ ထိုင်းနိုင်ငံက ဘန်ကောက်နဲ့ဖူးခက် မြို့နှစ်မြို့တောင် ပါဝင်လာတာ ဖြစ်ပါတယ်။

news-view-count-icon

37