back

စစ်ကိုင်း၌ လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် ကုန်တင်အမြန်ရေယာဉ်များ သုံးလကျော်ကြာမှ ဟုမ္မလင်းသို့ဆိုက်ကပ်လာ

Jan 07 • 2:53 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်း၌ လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် ကုန်တင်အမြန်ရေယာဉ်များ သုံးလကျော်ကြာမှ ဟုမ္မလင်းသို့ဆိုက်ကပ်လာ

ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ ကလေးခရိုင်အတွင်းမှာ ပိတ်မိနေတာသုံးလဝန်းကျင်ကြာမြင့်ခဲ့ပြီးမှ ဟုမ္မလ...

ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ ကလေးခရိုင်အတွင်းမှာ ပိတ်မိနေတာသုံးလဝန်းကျင်ကြာမြင့်ခဲ့ပြီးမှ ဟုမ္မလင်းမြို့ကို ဒီနေ့မှာ ဆိုက်ရောက်မှုတွေရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ စက်လှေတချို့ဝင်လာတာတွေ့ရတယ်၊ စက်သုံးဆီနဲ့ဆောက်လုပ်ရေးပစ္စည်းအဓိကပါမယ်၊ ဒီတစ်ခါလည်းအရင်လိုပဲ သုံးလေးလလောက်လမ်းမှာတင်နေတာ” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ။ကုန်စည်သယ်ဆောင်ရေးရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ရေလမ်းကြောင်းတွေပိတ်ဆို့ခံရမှုတွေကြောင့် ဟုမ္မလင်းမြို့ရဲ့ ကုန်စျေးနှုန်းတွေဟာ တခြားဒေသထက် သုံးဆကျော် စျေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဟုမ္မလင်းမြို့မှာ ကုန်စျေးနှုန်းစံချိန်တင်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

news-view-count-icon

40