back

ထိုင်းနိုင်ငံရဲ့ဘန်ကောက် မှာ အပူချိန် ၁၈ ဒီဂရီအထိ ကျဆင်းနိုင်ပြီး လေပြင်း တိုက်ခတ်မည်

Jan 07 • 2:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရဲ့ဘန်ကောက် မှာ အပူချိန် ၁၈ ဒီဂရီအထိ ကျဆင်းနိုင်ပြီး လေပြင်း တိုက်ခတ်မည်

ထိုင်း မိုးလေဝသဌာန (TMD) ရဲ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၆ ရက်) ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဘက်က အားကောင်းတဲ့ လေအေးတွေ ဝင်ရောက်လာတာကြောင့် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံအ...

ထိုင်း မိုးလေဝသဌာန (TMD) ရဲ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၆ ရက်) ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဘက်က အားကောင်းတဲ့ လေအေးတွေ ဝင်ရောက်လာတာကြောင့် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ အပူချိန် ကျဆင်းမယ်လို့ သိရပါတယ်။ဘန်ကောက် နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ မနက်ပိုင်း အေးမြပြီး လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။ အပူချိန်အနေနဲ့ ၁ ဒီဂရီကနေ ၃ ဒီဂရီလောက်ထိ ကျဆင်းသွားနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၁၈ ဒီဂရီစင်တီဂရိတ်ကနေ ၂၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိမှာဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန်ကတော့ ၃၁ ဒီဂရီကနေ ၃၃ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနိုင်ပါတယ်။တခြားဒေသတွေဖြစ်တဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာတော့ အပူချိန် ၅ ဒီဂရီလောက်ထိ သိသိသာသာ ကျဆင်းနိုင်ပြီး အနိမ့်ဆုံး ၉ ဒီဂရီလောက်ထိ ရောက်ရှိနိုင်ပါတယ်။ အပူချိန်ကျဆင်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် ကျန်းမာရေး ဂရုစိုက်ကြဖို့နဲ့ မီးဘေးအန္တရာယ် သတိပြုကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။


news-view-count-icon

26