တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်း ခွင့်ပြုလက်မှတ်လျှောက်ထားခြင်း၊ တိရစ္ဆာန်ကုဆေးရုံ၊ ဆေးခန်းတည်ထောင်သူများ၊ လုပ်ငန်းဆောင်ရွက်သူ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တွေ့ဆုံညှိနှိုင်းပွဲကိုဇန်နဝါရီ၆ရက်နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ေမွးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသားကဏ္ဍဖူလုံရေးအတွက် ထုတ်လုပ်မှုနှုင့် တိရစ္ဆာန် (Food Animal) မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိသော်လည်း တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် အိမ်မွေးတိရစ္ဆာန် (Pet Animal) များကိုသာ အလေးပေးဆောင်ရွက် လျက်ရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိကွင်းဆင်းစစ်ဆေးခဲ့သော ဆေးရုံ၊ ဆေးခန်းများကို စိစစ်ရာတွင် ဆေးခန်း ၈၃ ခုတွင် ခွေးနှင့် ကြောင်သာ ကုသသော ဆေးရုံဆေးခန်း ၆၅ ခုရှိပြီး ကျန် ၁၈ ခုသည်လည်း ခွေး၊ ကြောင်နှင့် ယုန်အပါအဝင် အခြားအမျိုးအစားအနည်းငယ်ကိုသာ ကုသပေးနေသော ဆေးရုံများကိုသာ တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ တိရစ္ဆာန် ဆေးကုဆရာဝန်များအနေဖြင့် ထုတ်လုပ်မှုတိရစ္ဆာန် (Food Animal)နှင့် အိမ်မွေးတိရစ္ဆာန်(Pet Animal) နှစ်ရပ်လုံးကို ဟန်ချက်ညီစွာ စောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းနဲ့ဆေးကုသသူများအနေဖြင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီတွင် မှတ်ပုံတင်ထားသူဖြစ်ရန် လိုအပ်ပြီး ဆေးရုံဆေးခန်းအနေဖြင့်လည်း လုပ်ငန်းလိုင်စင် လုပ်ဆောင်ထားရန်လိုကြောင်း၊ ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်သကဲ့သို့ တိရစ္ဆာန်ဆေးကုဆရာဝန်၏ ကျင့်ဝတ်များကိုလည်း လိုက်နာရမည်ဖြစ်ပါကြောင်း၊ အလားတူ တိရစ္ဆာန်ဆေးကုဆေးခန်းများအနေဖြင့် စံချိန်စံညွှန်းနှင့်အညီ ဝန်ဆောင်မှုပေးခြင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျင့်ဝတ်(Code of Conduct) ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဆေးဝါးများ စနစ်တကျသုံးစွဲခြင်းတို့ကို လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသူများ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် နိုင်ငံတော်က သင်ကြားပေးလိုက်သော ပညာရပ်များကို ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဟန်ချက်ညီညီ ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လုပ်ငန်းစဉ်များ၊ တိရစ္ဆာန်ကုဆေးရုံ၊ ဆေးခန်း မှတ်ပုံလက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ဆေးခန်း၊ ဆေးရုံများ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တစ်ပါတည်းဆောင်ရွက်သွားရန် (One Stop Service) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးသည်။



