back

လာဇီယိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်လာနော့စ်ကို ဝက်စ်ဟမ်းအသင်းမှခေါ်ယူ

Jan 07 • 2:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာဇီယိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်လာနော့စ်ကို ဝက်စ်ဟမ်းအသင်းမှခေါ်ယူ

ဝက်စ်ဟမ်းအသင်းဟာ လာဇီယိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်လာနော့စ်ကို ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကက်စတယ်လာနော့စ်ဟာ လာဇီယိုအသ...

ဝက်စ်ဟမ်းအသင်းဟာ လာဇီယိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်လာနော့စ်ကို ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကက်စတယ်လာနော့စ်ဟာ လာဇီယိုအသင်းဆီကို ၂၀၂၃ ခုနှစ်ထဲက ရောက်နေခဲ့တာဖြစ်ပြီး အီတလီကလပ်အသင်းအတွက် ၉၈ ပွဲမှာ ၂၂ ဂိုးသွင်းပြီး ၁၆ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ မှာ အာဂျင်တီးနားလက်ရွေးစင်စဖြစ်ခဲ့တဲ့ ကက်စတယ်လာနော့စ်ဟာ လက်ရွေးစင်အသင်း အတွက် ၂ ပွဲကစားပေးထားပြီး ကလပ်အသင်းတွေအဖြစ် ဂျီရိုနာနဲ့ နယူးယော့ခ်စီးတီး အက်ဖ်စီ အသင်းတွေမှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ ကက်စတယ်လာနော့စ်ဟာ အခုဇန်နဝါရီဈေးကွက်မှာ ဝက်စ်ဟမ်းနည်းပြ နူနိုဆန်တို ရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်ပြီး အသင်းသစ်အတွက် အရာအားလုံးပေးဆပ်ပြီး ကစားပေးသွားမယ်လို့ ကက်စတယ်လာနော့စ်က ပြောပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဝက်စ်ဟမ်း အသင်း အတွက် လာမယ့်ပွဲစဉ်တိုင်းက ခက်ခဲမှာသေချာသလို အသင်းကို အကောင်းဆုံးကူညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ကက်စတယ်လာနော့စ်က ဝက်စ်ဟမ်းနဲ့အင်တာဗျူးမှာ ဖြေထားပါတယ်။ ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာကို ရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဖူခရက်ချ်ကို အေစီမီလန် အသင်းဆီ လက်လွှတ်ထားခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး ဖိလစ်ပီနဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကက်စ်တယ်လာနော့စ်တို့ကို ပြန်လည်ခေါ်ယူထားတာဖြစ်ပါတယ်။

news-view-count-icon

27