back

တိုင်းရင်းသူ ၃ ဦးကို လိမ်လည်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ ၂ ဦးအား ကျိုင်းတုံခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

Jan 07 • 1:59 AM

breaking-news

မြန်မာ

ရှမ်း

cover

တိုင်းရင်းသူ ၃ ဦးကို လိမ်လည်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ ၂ ဦးအား ကျိုင်းတုံခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ရှမ်းပြည်နယ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့ရှိ အမျိုးသမီး ၃ ဦးကို မိုင်းဖျဲန်မြို့တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်အမျိုးသားတစ်ဦးနှင့် အတူနေစေခြင်းန...

ရှမ်းပြည်နယ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့ရှိ အမျိုးသမီး ၃ ဦးကို မိုင်းဖျဲန်မြို့တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်အမျိုးသားတစ်ဦးနှင့် အတူနေစေခြင်းနှင့် ပြည့်တန်ဆာအဖြစ် ညှဉ်းပန်းရိုက်နှက်ကာ အဓမ္မခိုင်းစေခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ စိုင်းဆောင်းလှိုင် (ခ) ကိုမျိုးနှင့် ဒေါ်နန်းဝိုးကျောက်တို့ကို ကျိုင်းတုံခရိုင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမှုမှ တိမ်းရှောင်နေသည့် တရားခံ ၂ ဦးဖြစ်သော ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်နှင့် ဒေါ်နန်းအွေ့တို့ကိုမူ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်းနှင့် ကျူးလွန်သူများမှာ လူကုန်ကူးခံရသူများ၏ လုပ်ခလစာများကို ခေါင်းပုံဖြတ်ရယူခဲ့သည့်အပြင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများပါ လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

news-view-count-icon

28