back

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ ၂၀၂၅ ခုနှစ် ရှယ်ယာအရောင်းအဝယ်တန်ဖိုး ယခင်နှစ်ထက် ကျပ် ၆ ဘီလီယံကျော် လျော့ကျ

Jan 07 • 1:57 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ ၂၀၂၅ ခုနှစ် ရှယ်ယာအရောင်းအဝယ်တန်ဖိုး ယခင်နှစ်ထက် ကျပ် ၆ ဘီလီယံကျော် လျော့ကျ

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ Main Board တွင် ၂၀၂၅ ခုနှစ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၁၇၃ ဘီလီယံကျော်သာ ရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ Main Board တွင် ၂၀၂၅ ခုနှစ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၁၇၃ ဘီလီယံကျော်သာ ရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်က ရရှိခဲ့သော ကျပ် ၁၃ ဒသမ ၉၅၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ကျပ် ၆ ဘီလီယံကျော် လျော့နည်းသွားကြောင်း သိရသည်။ သို့သော် ဒုတိယဈေးကွက်ဖြစ်သော Pre Listing Board တွင်မူ ကျပ် ၈၆၆ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဈေးကွက်နှစ်ခုပေါင်း အရောင်းအဝယ်တန်ဖိုးမှာ ကျပ် ၈ ဒသမ ၀၃၉ ဘီလီယံကျော် ရှိခဲ့သည်။ လက်ရှိတွင် Main Board ၌ အများပိုင်ကုမ္ပဏီ ၈ ခုနှင့် Pre Listing Board ၌ ကုမ္ပဏီ ၂ ခုတို့ဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း ဈေးကွက်နှစ်ခုလုံး၌ ကုမ္ပဏီအသစ်များ ထပ်မံဝင်ရောက်လာရန် ပြင်ဆင်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

news-view-count-icon

35