back

မြဝတီနယ်မြေအတွင်း အွန်လိုင်းဒုစရိုက်မှုများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၃၂ ဦးကို ထပ်မံလွှဲပြောင်းပေးအပ်

Jan 07 • 1:56 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီနယ်မြေအတွင်း အွန်လိုင်းဒုစရိုက်မှုများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၃၂ ဦးကို ထပ်မံလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသား ၃၂ ဦးကို...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသား ၃၂ ဦးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် ပါကစ္စတန်နိုင်ငံသား ၂၃ ဦး၊ ဇင်ဘာဘွေ ၃ ဦး၊ ကင်မရွန်း ၃ ဦး၊ လိုင်ဘေးရီးယား ၂ ဦးနှင့် ဇန်ဘီယာ ၁ ဦးတို့ ပါဝင်ပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ မြဝတီမြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသူ နိုင်ငံသားပေါင်း ၁၄,၁၀ဝ ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် ၁၁,၇၀ဝ ကျော်ကို ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူ ၂,၃၀၀ ကျော်ကိုလည်း ဆက်လက်လွှဲပြောင်းရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

21