back

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

Jan 07 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ...

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျပ်သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း (၂၀၀) အပြင် ဖူဆယ်ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များကလည်း အသီးသီး ချီးမြှင့်ခဲ့ကြရာ စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၇၁၀) ရရှိခဲ့သည်။ ဂုဏ်ပြုပွဲနှင့်အတူ Glan Master Futsal League I & II 2025-26 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကိုလည်း တစ်ပါတည်း ကျင်းပခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားတာဝန်ရှိသူများနှင့် စပွန်ဆာကုမ္ပဏီများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

21