back

တိုင်းနှင့်ပြည်နယ် (၈) ခုရှိ လွှတ်တော်ကိုယ်စားလှယ်များစာရင်း UEC ထုတ်ပြန်၊ USDP ပါတီမှ အများဆုံးအနိုင်ရရှိ

Jan 07 • 1:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တိုင်းနှင့်ပြည်နယ် (၈) ခုရှိ လွှတ်တော်ကိုယ်စားလှယ်များစာရင်း UEC ထုတ်ပြန်၊ USDP ပါတီမှ အများဆုံးအနိုင်ရရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ရက်စွဲဖြင့် ကြေညာချက်အမှတ် (၉/၂၀၂၆) ကို ထုတ်ပြန်ခဲ့ရာ တိုင်းနှင့်ပြည်နယ် (၈) ခုရှိ လွှတ်...

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ရက်စွဲဖြင့် ကြေညာချက်အမှတ် (၉/၂၀၂၆) ကို ထုတ်ပြန်ခဲ့ရာ တိုင်းနှင့်ပြည်နယ် (၈) ခုရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူများစာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံး ပါဝင်နေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များတွင် USDP ပါတီသည် မကွေးတိုင်း၌ (၉) ဦး၊ ပဲခူးတိုင်း၌ (၈) ဦး၊ မန္တလေးတိုင်း၌ (၇) ဦးနှင့် ကချင်ပြည်နယ်၌ (၆) ဦး စသဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၌ နာဂအမျိုးသားပါတီက (၄) ဦး အနိုင်ရရှိခဲ့ပြီး၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီတို့လည်း သက်ဆိုင်ရာဒေသများတွင် ကိုယ်စားလှယ်နေရာအချို့ အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

56