ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ်များနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆွာချောင်းတံတားအပါအဝင် ပျက်စီးသွားသော တံတားများကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် အပြီးသတ်တည်ဆောက်ရန် ရည်မှန်းထားပြီး လက်ရှိတွင် ခရီးသွားလာမှုမပြတ်တောက်စေရန် ယာယီစနစ်ဖြင့် ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။ ဒုတိယဝန်ကြီးက ယာယီတံတားကြံ့ခိုင်မှု ထိခိုက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် အဆိုပါကိစ္စအား ပြည်သူများနားလည်စေရန် လက်ကမ်းစာစောင်များဖြင့် အသိပညာပေးဆောင်ရွက်ရန် တိုးလ်ဂိတ်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
ဆွာချောင်းတံတား ကြံ့ခိုင်မှုနှင့် တန်ပိုယာဉ်များမဖြတ်သန်းရေး ဆောက်လုပ်ရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး
Jan 07 • 1:51 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 54 | 0 | 0 | 0 |


