မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပနေသည့် Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲ၏ အမှတ်ပေးဇယား ရပ်တည်မှုအခြေအနေကို ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အုပ်စု (A) တွင် အမျိုးသားဘောလုံးအကယ်ဒမီ U-15 အသင်းက ရမှတ် ၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ISPE (မော်လမြိုင်) က ဒုတိယနေရာတွင် ရပ်တည်နေကာ ISPE (ရန်ကုန်) နှင့် U-14 အသင်းတို့မှာမူ ရမှတ်မရရှိသေးဘဲ အောက်ဆုံးတွင် ရှိနေသည်။ အုပ်စု (B) တွင် တပ်မတော်ဘောလုံးအကယ်ဒမီက ရမှတ် ၄ မှတ်ဖြင့် အုပ်စုပထမ၊ ISPE (မန္တလေး) က ဒုတိယ၊ မြန်မာဘောလုံးအကယ်ဒမီ U-15 က တတိယနှင့် U-14 အသင်းက အုပ်စုအောက်ဆုံးတွင် အသီးသီး ရပ်တည်နေကြောင်း သိရှိရပါသည်။

Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲ၏ အုပ်စုအလိုက် အမှတ်ပေးဇယား ရပ်တည်မှုများ MFF ထုတ်ပြန်
Jan 07 • 1:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


