ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ 29 (တူးနိုင်း)ရွှေဆိုင်က ရွှေခိုးမှုစွပ်စွဲချက်နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံနေရတဲ့ ရခိုင်အမျိုးသမီးငယ်ဟာ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။လွတ်မြောက်လာတဲ့အဲဒီအမျိုးသမီးငယ်ကတော့ မစိုးစံသူ (၂၇)နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာလို့ သူမရဲ့ ရှေ့နေ ဒေါ်ဝိုင်းသူဇာက အတည်ပြုပြောပါတယ်။မစိုးစံသူကို ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၁ ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ရာဇသတ်ကြီးပုဒ်မ ၃၈၁ သည် အလုပ်ရှင်ထံမှ အလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။
ရန်ကုန် 29 ရွှေဆိုင်က ရွှေခိုးမှုစွပ်စွဲချက်နဲ့ ထောင်သုံးနှစ်ကျနေတဲ့ ရခိုင်အမျိုးသမီးငယ် လွတ်မြောက်လာ
Jan 07 • 1:36 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


