back

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးမှုနှင့် မြန်မာ - ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

Jan 07 • 1:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးမှုနှင့် မြန်မာ - ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်တွင်နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စ...

နေပြည်တော်တွင်နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။ထိုသို့တွေ့ဆုံစဉ်အွန်လိုင်းလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများကိုကယ်တင်၍ ပြန်လည်လွှဲပြောင်းပေးသည့်အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးပြောကြားသည်။ တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


news-view-count-icon

43