ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောတွင် နေထိုင်သည့် အသက် (၁၁) နှစ်နှင့် (၉) နှစ်အရွယ် ညီအစ်မနှစ်ဦးသည် လွန်ခဲ့သော ၄ ရက်က ကျောင်းစုံညီပွဲတော်သို့ သွားရောက်ရာမှ ယနေ့ ဇန်နဝါရီလ ၆ ရက်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ မိသားစုဝင်များက စိုးရိမ်ပူပန်စွာဖြင့် အပူတပြင်း လိုက်လံရှာဖွေနေပြီး အဆိုပါ ကလေးငယ်နှစ်ဦးအား တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက မိခင်ဖြစ်သူ၏ ဖုန်းနံပါတ် 09676377229 သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားပါသည်။
Jan 07 • 1:38 AM
မြန်မာ
ကရင်
မျှဝေမည်
| 25 | 0 | 0 | 0 |


