စပါးလက်ကျန် ၊ဝယ်လိုအားအနည်းအများပေါ်မူတည်ပြီး ဧည့်မထဆန်(ဟောင်း)ဈေးကျ ပြီး ဆန်သစ်ဈေးတက်နေတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။ဆန်မျိုးစုံ ဈေးကွက် အတွင်း မှာ ပေါ်ဆန်းမွှေးဆန်နဲ့ ဖွဲနု ဈေး တွေ တည်ငြိမ်ပြီး ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(1,2)နဲ့ ဆန်ကွဲB(2,3,4) ဈေး တွေ မြင့်တက်ကာ ဧည့်မထဆန်(ဟောင်း)ဈေးကျနေပါတယ်။ ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာ ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူ တွေရဲ့ ဝယ်လိုအားအနည်းအများအပေါ် မှာ မူတည်ပြီး ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေး တွေ အတက်အကျ ဖြစ်ပေါ် နေပါတယ်လို့ " ပဲခူးကုန်စည်ဒိုင်ကသိရပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၇၀,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃,၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈,၀၀ဝကျပ် နဲ့ ဖွဲနုတစ်အိတ် ၂၆,၇၀၀ကျပ် စတာတွေနဲ့ အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၃,၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၄,၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၆,၇၀၀ကျပ် စတဲ့ နှုန်းထားတွေနဲ့ အရောင်းအဝယ်ဖြစ် နေတယ်လို့ဆိုပါတယ်။အခုလို ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးကျဆင်းသွားတာမှာ ဝယ်လိုအား နည်းတာကြောင့် ဈေးကျဆင်းသွားတာဖြစ်ပြီး ၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(1,2)နဲ့ ဆန်ကွဲB(2,3,4) ဈေးေတွမြင့်တက်သွားတာမှာ ဧည့်မထဆန်(မနောသုခ)(သစ်)နဲ့ ဆန်ကွဲ လက်ကျန် တွေ နည်းသွားပြီး ဝယ်လိုအားများတာကြောင့် ဈေးမြင့်တက်သွားတာဖြစ်ပါတယ်လို့ " ပဲခူးကုန်စည်ဒိုင် ကသုံးသပ်ပြောထားပါတယ်။တစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်ဈေးကျပြီး ၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၃,၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၁,၀၀ဝ ကျပ်နဲ့ ဆန်ကွဲB(2,3,4)တစ်အိတ် ၂,၀၀ဝကျပ် ဈေး တွေမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်နဲ့ ဖွဲနုဈေးတွေ တည်ငြိမ်နေတာဖြစ်ပါတယ်။



