back

ဂျပန်နိုင်ငံ၌ ဘလူးဖင်း တူနာငါးတစ်ကောင်ကို ဒေါ်လာ သုံးသန်းကျော်ဖြင့် ရောင်းချ

Jan 06 • 6:58 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၌ ဘလူးဖင်း တူနာငါးတစ်ကောင်ကို ဒေါ်လာ သုံးသန်းကျော်ဖြင့် ရောင်းချ

ဂျပန်နိုင်ငံ တိုကျိုမြို့တော် တိုယိုဆု ငါးဈေး၌ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သော လေလံပွဲတွင်အလေးချိန် ၂၄၃ ကီလိုဂရမ်ရှိ ဘလူးဖင်း တူနာငါးတစ်ကောင်ကို ဂျပန်ယန်းငွေ သန...

ဂျပန်နိုင်ငံ တိုကျိုမြို့တော် တိုယိုဆု ငါးဈေး၌ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သော လေလံပွဲတွင်အလေးချိန် ၂၄၃ ကီလိုဂရမ်ရှိ ဘလူးဖင်း တူနာငါးတစ်ကောင်ကို ဂျပန်ယန်းငွေ သန်း ၅၁၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း)ဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၅ ရက် လေလံပွဲသည် တိုယိုဆုငါးဈေးက ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပထမဆုံးတူနာငါး လေလံပွဲဖြစ်သည်။အဆိုပါ လေလံပွဲ၌ ဘလူးဖင်း တူနာငါးကိုဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့သူမှာ ဆူရှီလုပ်ငန်းကြီးတစ်ခုဖြစ်သည့် ကီရိုမူယာကုမ္ပဏီဖြစ်သည်။အဆိုပါ ဘလူးဖင်းတူနာငါးကို ဂျပန်နိုင်ငံမြောက်ပိုင်း အိုမာမြို့ ကမ်းရိုးတန်းကမ်းလွန်ရေပြင်၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုမာမြို့ ကမ်းရိုးတန်းကမ်းလွန်ရေပြင်သည်၁ ကီလိုဂရမ်လျှင် ဂျပန်ယန်းငွေ ၂ ဒသမ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၃၃၆၀)အထိ ဈေးပေါက်သော အရည်အသွေးမြင့် တူနာငါးများ ကြွယ်၀သည့်

ရေပြင်အဖြစ် ထင်ရှားသည်။ဂျပန်နိုင်ငံ၌ အလွန်တရာ လူကြိုက်များသောဘလူးဖင်း တူနာငါးများသည် ယခင်က မျိုးတုံး ပျောက်ကွယ်သွားနိုင်သည့် ရေနေသက်ရှိများအဖြစ်သတ်မှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင်

ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဖိဖိစီးစီးလုပ်ဆောင်နိုင်မှုကြောင့် ကောင်ရေပြန်လည်တိုးပွားလာခဲ့ရသည်။


news-view-count-icon

18