back

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ရှည်တွေမှာ ဘုရားဖူး ၆ သောင်းနီးပါး လာရောက်ဖူးမြော်

Jan 06 • 6:38 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ရှည်တွေမှာ ဘုရားဖူး ၆ သောင်းနီးပါး လာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းရှိ နှစ်သစ်ကူးရုံးပိတ်ရက်နှင့် လွတ်လပ်ရေးနေ့...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းရှိ နှစ်သစ်ကူးရုံးပိတ်ရက်နှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ရှည်ကာလများအတွင်း ဘုရားဖူးပြည်သူ ၅၈၀,၀၀ ကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ဘုရားဖူးပြည်သူများ အဆင်ပြေစေရန်အတွက် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့်လည်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိကာ သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်းလည်း သိရပါတယ်။ ကျိုက်ထီးရိုးတောင်တော် တစ်လျှောက်ရှိ အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များသည်လည်း ဘုရားဖူးပြည်သူများနှင့်စည်းကားလျက်ရှိသလို အခမဲ့ တည်းခိုဆောင်များ၊ အခပေးတည်းခိုဆောင်များနှင့် ရင်ပြင်တော်ပေါ်တွင်လည်း တည်းခိုနေထိုင်သူများဖြင့် စည်ကားများပြားခဲ့တယ်လို့ သိရပါတယ်။

ဂေါပကအဖွဲ့အနေဖြင့်လည်း ဘုရားဖူးများအတွက် လုံခြုံရေး၊ အခမဲ့တည်းခိုဆောင်များတွင် နေထိုင်နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

36