back

ကမ္ဘာ့တရားသူကြီးအဖြစ် မည်သည့်နိုင်ငံကို မှလက်မခံကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိပြော

Jan 06 • 5:44 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ကမ္ဘာ့တရားသူကြီးအဖြစ် မည်သည့်နိုင်ငံကို မှလက်မခံကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိပြော

တရုတ်နိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကမ္ဘာ့ ရဲ ဒါမှမဟုတ် တရားသူကြီးအဖြစ်နဲ့ ဘယ်နိုင်ငံကိုမှ လက်မခံကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန်မှ...

တရုတ်နိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကမ္ဘာ့ ရဲ ဒါမှမဟုတ် တရားသူကြီးအဖြစ်နဲ့ ဘယ်နိုင်ငံကိုမှ လက်မခံကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန်မှာပြောလိုက်ပါတယ်။ဘယ်နိုင်ငံကမှ ကမ္ဘာ့ ရဲ အဖြစ် ပြုမူနိုင်တယ်လို့ ကျွန်တော်တို့ မယုံကြည်သလို ကမ္ဘာ့တရားသူကြီးလို ဟန်ဆောင်နေတာကိုလည်း လက်မခံပါဘူး" လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကပြောခဲ့တာလည်းဖြစ်ပါတယ်။ကျွမ်းကျင်သူတွေက ဝမ်ယိဟာ အမေရိကန်ကို တိုက်ရိုက်မပြောခဲ့ပေမယ့် ဗင်နီဇွဲလား သမ္မတကို တရုတ်ကိုယ်စားလှယ်တွေ ရောက်နေချိန်မှာ ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် တရုတ်နိုင်ငံဘက်က တင်းမာမှုတွေရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။


news-view-count-icon

14