ဗင်နီဇွဲလားသမ္မတ မာဒူရို အပါအဝင် ပတ်သတ်ဆက်နွယ်နေသူများရဲ့ ဆွစ်ဇာလန်နိုင်ငံတွင်ရှိနေတဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ချိပ်ပိတ်သိမ်းရန် ဆုံးဖြတ်ပြီးပြီဖြစ်ပြီး ချက်ချင်းသက်ရောက်မှုရှိမည်ဟု ဆွစ်ဇာလန်အစိုးရကမနေ့က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။လက်ရှိအခြေအနေအရ တရားမဝင်တဲ့နည်းလမ်းနဲ့ ရရှိထားတဲ့မည်သည့်ပိုင်ဆိုင်မှုမဆို ဆွစ်ဇာလန်နိုင်ငံပြင်ပဆီ လွှဲပြောင်းမရအောင် သေချာစေရန် အခုလို ဆုံးဖြတ်ခဲ့တာလို့ ဆွစ်ဇာလန်အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ချိပ်ပိတ်မှုက ဇန်နဝါရီ ၅ ရက်မှစတင်ကာ ချက်ချင်းသက်ရောက်မှာဖြစ်ပြီး နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း လေးနှစ်ကြာ အကျုံးဝင်နေမှာဖြစ်ပါတယ်။ဥပဒေရေးရာဆောင်ရွက်ချက်များအရ အဆိုပါငွေတွေဟာ တရားမဝင်နည်းလမ်းနဲ့ ရရှိထားတယ်လို့ ပေါ်ပေါက်လာပါက ထိုငွေများကို ဗင်နီဇွဲလားပြည်သူများအတွက် အကျိုးရှိစေရန် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။



