အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ့်က အမေရိကန်နိုင်ငံကာကွယ်ရေးအတွက် ဂရင်းလန်းကျွန်းကို လိုအပ်ကြောင်း တနင်္ဂနွေနေ့တွင် အလေးပေးပြောကြားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ဒိန်းမတ်နိုင်ငံနှင့်အတူ "တစ်သားတည်းရှိကြောင်း" တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။
နယ်နိမိတ်တွေကို အင်အားသုံးပြီး ပြောင်းလဲလို့မရပါဘူး" ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပါစကယ် ကွန်ဖာဗရူးက ပြင်သစ်အစိုးရပိုင် ရုပ်သံလိုင်း တေအက်ဖ်အံနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။သမ္မတထရမ့်ပ့်က တနင်္ဂနွေနေ့တွင် သီ အက်တလန်တစ် မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် ဖုန်းအင်တာဗျူးတစ်ခု၌ အမေရိကန်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းကို "လုံးဝ" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အာတိတ်စက်ဝိုင်းအတွင်း တည်ရှိသည့် အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။



