back

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှ စည်းကမ်းဖောက်ဖျက်မှုများအတွက် ကစားသမားနှင့် အသင်းများကို MFF မှ ပြစ်ဒဏ်ချမှတ်

Jan 06 • 4:42 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှ စည်းကမ်းဖောက်ဖျက်မှုများအတွက် ကစားသမားနှင့် အသင်းများကို MFF မှ ပြစ်ဒဏ်ချမှတ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တောင်ကြီးမြို့တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တောင်ကြီးမြို့တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ပြစ်ဒဏ်များ ချမှတ်လိုက်သည်။ ရှမ်းယူနိုက်တက်အသင်းမှ Mark Sekyi သည် ပြိုင်ဘက်အပေါ် ကြမ်းတမ်းစွာကစားမှုနှင့် ပရိသတ်အပေါ် မလျော်ကန်သော အပြုအမူများကြောင့် ၅ ပွဲပယ်နှင့် ဒဏ်ကြေး ၁၀ သိန်း ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ပွဲစဉ်အတွင်း ဝါကတ်နှင့် နီကတ်အများအပြား ပြသခံခဲ့ရသည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် နှစ်သင်းစလုံးကို အသင်းလိုက်စည်းကမ်းထိန်းသိမ်းမှု အားနည်းချက်ကြောင့် ဒဏ်ကြေး ၃ သိန်းစီ ထပ်မံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

24