၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် (ယနေ့) နံနက်အစောပိုင်းက ဂျပန်နိုင်ငံအနောက်ပိုင်း ချူဂိုကုဒေသ၌ ကနဦးပြင်းအား 6.2 အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ငလျင်ဗဟိုချက်မှာ ရှီမာနဲစီရင်စု အရှေ့ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ကြီးများလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီအန္တရာယ် မရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဘေးကင်းလုံခြုံရေးအတွက် Shin-Osaka နှင့် Hakata ဘူတာများအကြား ပြေးဆွဲနေသည့် ကျည်ဆန်ရထား ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကြောင်း Reuters သတင်းအရ သိရှိရပါသည်။
Jan 06 • 4:43 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


