၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်းနှင့် မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များအားလုံးကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲစာရင်းများကိုလည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အများပြည်သူ သိရှိနိုင်ရန် ကပ်ထားကြေညာထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
Jan 06 • 4:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


