တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ (ROK) သမ္မတ လီဂျေမြောင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွက် မြို့တော်ပေကျင်းသို့ ဇန်နဝါရီ ၄ ရက်၌ ရောက်ရှိခဲ့သည်။ ယင်းမှာ လီက ၎င်း၏သမ္မတတာဝန်အား စတင်ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အရေးကြီးသော အိမ်နီးချင်းများနှင့် မိတ်ဖက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် ဤခရီးစဉ်သည် တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ဖော်ထုတ်မြှင့်တင်ရာ၌ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။



