back

တရုတ်နိုင်ငံ သမ္မတ ရှီနှင့် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

Jan 06 • 3:05 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ သမ္မတ ရှီနှင့် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်နိုင်ငံသည် အိုင်ယာလန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖ...

တရုတ်နိုင်ငံသည် အိုင်ယာလန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးအရှိန်အဟုန် ဖြည့်တင်းရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။ပေကျင်းမြို့တွင် အိုင်ယာလန် ဝန်ကြီးချုပ် မိုက်ကယ် မာတင်နှင့် တွေ့ဆုံစဉ် ရှီက တရုတ်နိုင်ငံအနေဖြင့် အိုင်ယာလန်နှင့်အတူ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ ဉာဏ်ရည်တုနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့် နယ်ပယ်များတွင် မဟာဗျူဟာများ ချိတ်ဆက်မှုဖော်ထုတ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အသွားအလာမြှင့်တင်ရေး၊ အချင်းချင်း စွမ်းဆောင်နိုင်မှုများကို အားပေးမြှင့်တင်ရေး၊ အခွင့်အလမ်းများ မျှဝေကာ ဘုံဖွံ့ဖြိုးတိုးတက်မှုကို လျှောက်လှမ်းရေးအတွက် ဆောင်ရွက်လိုကြောင်း ရှီက ပြောခဲ့သည်။

news-view-count-icon

17