back

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Jan 06 • 3:03 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ကန်သာယာဈေးပတ်လမ်းတွင် ဇန်နဝါရီလ ၄ ရက်နေ့ ၁၃နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မျာ...

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ကန်သာယာဈေးပတ်လမ်းတွင် ဇန်နဝါရီလ ၄ ရက်နေ့ ၁၃နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မအေးအေးအောင်(ခ)တိုးတိုးဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၁၁ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ထို့‌ကြောင့် မအေးအေးအောင်(ခ)တိုးတိုးဝင်း(၂၉)နှစ်အား မုံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ထားပါသည်။

news-view-count-icon

29