ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင် မှာ မြန်မာဆောက်လုပ်ရေး အလုပ်သမား ၈ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ အာဏာပိုင် တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။ဒေသခံ တွေရဲ့ သတင်းပေးချက်အရ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၁၁ နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် တွေက လုပ်ငန်းခွင် ကို စစ်ဆေးခဲ့ရာ တွေ့ရှိခဲ့တာဖြစ်ပါတယ်လို့ " ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦး ကို စစ်ဆေးရာမှာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) တွေ မရှိတာ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလုပ်သမား ၈ ဦးကို နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်မှု၊ အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်မှု တွေနဲ့ တရားစွဲဆိုထားပြီး ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကျခံရနိုင်ကာ နိုင်ငံပြင်ပကို ပြည်နှင်ဒဏ်ပေး ပြန်ပို့ သွားမယ်လို့ သိရပါတယ်။ဆက်လက်ပြီး အလုပ်ရှင်ဖြစ်သူကိုလည်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသား အလုပ်သမား တွေ ကို ငှားရမ်းမှုနဲ့ တရားစွဲဆိုထားပြီး ထိုင်းဥပဒေအရ ထိုအမှုမှာ တရားမဝင်အလုပ်သမား တစ်ဦးကို ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ကျခံရနိုင်တယ်လို့သိရှိရပါတယ်။
Jan 06 • 3:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


