back

ထိုင်းနိုင်ငံ၏ အထင်ကရ ခေါင်ကစ်ချကွတ် ဗုဒ္ဓခြေရာတော်တည်ရာ ဇန်နဝါရီလ ၁၉ရက်နေ့မှာ ဖွင့်လှစ်မည်ဖြစ်

Jan 06 • 3:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၏ အထင်ကရ ခေါင်ကစ်ချကွတ် ဗုဒ္ဓခြေရာတော်တည်ရာ ဇန်နဝါရီလ ၁၉ရက်နေ့မှာ ဖွင့်လှစ်မည်ဖြစ်

ခေါင်ကစ်ချကွတ် ဗုဒ္ဓခြေရာတော် သည် ထိုင်းနိုင်ငံ ချန်သာဘူရီ ပြည်နယ်တွင် တည်ရှိပြီး သဘာဝအလှတရားနှင့် ဘာသာရေးယုံကြည်မှုတို့ ပေါင်းစည်းထားသော နေရာတစ်ခုဖြစ်ပါတယ်။ ထ...

ခေါင်ကစ်ချကွတ် ဗုဒ္ဓခြေရာတော် သည် ထိုင်းနိုင်ငံ ချန်သာဘူရီ ပြည်နယ်တွင် တည်ရှိပြီး သဘာဝအလှတရားနှင့် ဘာသာရေးယုံကြည်မှုတို့ ပေါင်းစည်းထားသော နေရာတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို နှစ်စဉ် ဗုဒ္ဓဘာသာဝင်များ၊ ဘုရားဖူးများ အများအပြား လာရောက် လည်ပတ်မယ်ဆိုရင် မဖြစ်မနေ သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာ အထူးထင်ရှားဆုံးကတော့ ကျောက်တောင်ကြီးပေါ်မှာ တည်ရှိတဲ့ ဗုဒ္ဓခြေရာတော် ဖြစ်ပြီး ယုံကြည်ချက်အရ ဆုတောင်းပြည့်တယ်လို့ဆိုကြပါတယ်။ ကျောက်တောင်ကြီးများကြားတွင် ဘုရားရှိခိုးကျောင်းများ၊ ရွှေရောင်စေတီငယ်များ တည်ရှိနေပြီး မိုးတိမ်များအောက်ကနေ မြင်ရသော မြင်ကွင်းကလည်း စိတ်ကို ငြိမ်းချမ်းစေပါတယ်။ဘုရားဖူးများသည် တောင်ပေါ်အထိ တက်ရောက်ကာ ဆုတောင်းခြင်း၊ ပန်းကန်လှူဒါန်းခြင်းများ ပြုလုပ်ကြပါတယ်။ဗုဒ္ဓခြေရာတော်ကို နှစ်စဉ် ဖေဖော်ဝါရီမှ မတ်လအထိသာ ဖွင့်လှစ် ပေးလေ့ရှိပြီး ဒီနှစ်မှာတော့ ဇန်နဝါရီလ ၁၉ ရက်မှ မတ်လ ၁၉ ရက်အထိဖွင့်လှစ်မှာဖြစ်ပြီး အချိန်ကန့်သတ်ထားသောကြောင့် ဒီကာလအတွင်း လူစည်ကားမှု အလွန်များမှာဖြစ်ပါတယ်။ တောင်ပေါ်သို့ တက်ရန် ကားအထူး (4WD) များ အသုံးပြုရပြီး လုံခြုံရေး စည်းမျဉ်းများကို လိုက်နာကြရမည်ဖြစ်ပါတယ်။

news-view-count-icon

32