ဧရာ၀တီတိုင်းမှာ ပို့ဆောင်ရေးလမ်းကြောင်းတွေ ကြန့်ကြာတာ၊ ပြည်ပဝယ်လိုအား ကျသွားတာတွေကြောင့် ဂဏန်းစျေးတွေ ကျနေပါတယ်။“လမ်းကြောင်းတွေမကောင်းလို့၊ အဝယ်ဒိုင်တွေကလည်း သိပ်မဝယ်ဘူး၊ စျေးက သိပ်မရတော့ဘူး၊ စျေးကျ တယ်၊ တပိဿာကို တသောင်းကျော်လောက်ပဲရှိတော့တယ်။ တနိုင်တပိုင်ရှာစားတဲ့သူတွေမှာ တနေ့ရှာလို့ တရက်စာ မစားရတော့ဘူးဖြစ်သွားတာပေ့ါ စျေးကျရင်” လို့ ဧရာ၀တီတိုင်း ဖျာပုံမြို့နယ်မှ တနိုင်တပိုင် ဂဏန်း ထောင်ပြီး ရောင်းချ၊ စားသောက်နေတဲ့ ကိုကျော်လှက ပြောပါတယ်။ဧရာ၀တီတိုင်းအတွင်းမှာ အရင်က ဂဏန်းအကောင် ကြီး တပိဿာကို ကျပ်သုံးသောင်းခွဲကျော်၊ အကောင်သေး တပိဿာကို ကျပ်နှစ်သောင်းကျော် ရှိခဲ့ရာကနေ အခုအခါ အကောင်ကြီးတပိဿာကို ကျပ်သုံးသောင်းဝန်းကျင်၊ အကောင် သေးတပိသာကို ကျပ်တသောင်းခွဲဝန်းကျင်သာ ရှိတော့တာပါ။ဧရာ၀တီတိုင်းအတွင်းက ဂဏန်းရှာဖွေရောင်းချသူတွေအဖို့ စျေးကျနေပေမယ့် ပုသိမ်၊ မအူပင်၊ ရန်ကုန်စတဲ့ အဝယ်ဒိုင်ကြီးမှာတော့ စျေးသိသိသာသာ ကျတာမရှိဘူးလို့ ပြောကြပါတယ်။ 
Jan 06 • 2:59 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 30 | 0 | 0 | 0 |


