ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ပုံလို့လမ်း၊ အပိုင်း (ဆ) အမှိုက်ပုံကွက်သစ်တွင် ပျံကျကျူးကျော်များက နေအိမ်လမ်းကြားများကို ပိတ်၍ တဲထိုးနေထိုင်ခြင်း၊ အရက်ဆိုင်နှင့် ဂိမ်းခုံများဖွင့်လှစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းများ ပြုလုပ်နေသောကြောင့် မြေကွက်ပိုင်ရှင်များနှင့် အနီးဝန်းကျင်ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။ မြေကွက်ပိုင်ရှင်များက သွားရောက်ဖယ်ရှားခိုင်းသော်လည်း ကျူးကျော်နေထိုင်သူများက လူရမ်းကားများနှင့် ဆေးသမားများကို အကာအကွယ်ယူ၍ ပြန်လည်ရန်မူခြင်းများ ရှိနေသည့်အပြင် တာဝန်ရှိသူများကလည်း တစ်စုံတစ်ရာ အရေးယူတားဆီးပေးခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းအခြေချသူ များပြားလာသည်နှင့်အမျှ ခိုးဆိုးလုနှိုက်မှုများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပိုမိုများပြားလာကာ နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရပါသည်။
တာချီလိတ် ပုံလို့လမ်းရှိ အမှိုက်ပုံကွက်သစ်တွင် ကျူးကျော်များက လမ်းပိတ်၍ လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုကြောင့် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရ
Jan 06 • 2:09 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 23 | 0 | 0 | 0 |


