လာအိုနိုင်ငံ၊ ဗီယက်ကျင်းမြို့တော်အတွင်းရှိ ဟတ်ဆိုင်းဖောင်၊ ဆိုင်သနီ နှင့် စီဆတ်တနက် ခရိုင်များ၌ စုစုပေါင်း ၄၀ ဒသမ ၈၁ ကီလိုမီတာ ရှည်လျားသည့် သံကူကွန်ကရစ်လမ်းစီမံကိန်း ၇ ခုကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းသစ်များသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်မှုများကို မြှင့်တင်ပေးနိုင်မည့်အပြင် သွားလာရေး ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မြန်ဆန်မှုတို့ကိုလည်း များစွာ အထောက်အကူပြုစေမည် ဖြစ်ပါသည်။


