ဗီယက်နမ်နိုင်ငံသည် အစိုးရ၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေး သိသိသာသာ တိုးတက်လာနေပြီး မကြာမီနှစ်များအတွင်း ထိုင်းနိုင်ငံ၏ GDP ကို ကျော်တက်ကာ အင်ဒိုနီးရှားပြီးလျှင် အာဆီယံတွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာရန် ရှိနေကြောင်း Nikkei Asia သတင်းအရ သိရသည်။ ဗီယက်နမ်၏ GDP သည် ၂၀၂၅ ခုနှစ်တွင် ၈ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု ခန့်မှန်းထားပြီး ဝန်ကြီးချုပ် ဖမ်မင်ချင်းကလည်း လာမည့်နှစ်များတွင် ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ရန် ရည်မှန်းထားကာ လူတစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၅,၀၀၀ အထက်သို့ ရောက်ရှိလာနိုင်ပါသည်။ တစ်ဖက်တွင်မူ ထိုင်းနိုင်ငံသည် ပြည်တွင်းနိုင်ငံရေး မရေရာမှုများ၊ အိမ်ထောင်စုကြွေးမြီ ပြဿနာများနှင့် ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခများကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး ၂၀၂၆ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု OECD က ခန့်မှန်းထားသည်။ လက်ရှိတွင် ဆူဇူကီးနှင့် ဟွန်ဒါကဲ့သို့ ကုမ္ပဏီကြီးများ ထိုင်းနိုင်ငံမှ ထွက်ခွာခြင်း သို့မဟုတ် ထုတ်လုပ်မှု လျှော့ချခြင်းများ ရှိနေပြီး ဗီယက်နမ်ကမူ လေဆိပ်သစ်နှင့် ရထားလမ်းစီမံကိန်းများဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 06 • 2:11 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


