back

လုပ်ခ အပြည့်အဝရရှိရန် တောင်းဆိုသည့် COSTEC အထည်ချုပ်စက်ရုံ လုပ်သားများ ရက်မှန်ကြေးဖြတ်တောက်ခံရ

Jan 06 • 1:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လုပ်ခ အပြည့်အဝရရှိရန် တောင်းဆိုသည့် COSTEC အထည်ချုပ်စက်ရုံ လုပ်သားများ ရက်မှန်ကြေးဖြတ်တောက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ COSTEC International Co.,Ltd (လက်ရှိ JOC အမည်ဖြင့် လည်ပတ်နေသည့်) အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ COSTEC International Co.,Ltd (လက်ရှိ JOC အမည်ဖြင့် လည်ပတ်နေသည့်) အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာများ မူလထက် ကျပ်တစ်သိန်းခွဲခန့် လျော့နည်းသွားမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှစတင်ကာ ယနေ့အထိ ၅ ရက်မြောက်အဖြစ် ဆက်လက်တောင်းဆိုနေကြသော်လည်း အလုပ်ရှင်ဘက်မှ ဒီဇင်ဘာလအတွက် ရက်မှန်ကြေးများကို ဖြတ်တောက်လိုက်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစက်ရုံသည် ယခင်က ZARA အမှတ်တံဆိပ်များကို ချုပ်လုပ်ခဲ့ရာမှ နောက်ပိုင်းတွင် LC Waikiki၊ X Shelter၊ ZERO STAGE နှင့် Colopuca စသည့် အမှတ်တံဆိပ်များသို့ ပြောင်းလဲချုပ်လုပ်ပြီးနောက် လုပ်ခလစာ ကွာဟမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကာ အလုပ်သမားများက မူလ Day ကြေးပြန်ပေးရန်၊ Day ကြေးအား အခြားစက်ရုံများနည်းတူ ၁၂,၀၀၀ ကျပ် သတ်မှတ်ပေးရန်၊ အိုတီကြေး၊ ရက်မှန်ကြေးနှင့် ဂရိတ်ကြေးများကို မူလအတိုင်းပေးရန်၊ လစာနှင့် အထည်ကြေးများကို အချိန်မီရှင်းပေးရန်နှင့် ယူနီဖောင်းပေးရန် စသည့်အချက်များကို တောင်းဆိုနေကြခြင်းဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များအကြား ၃ ကြိမ်တိုင် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အလုပ်ရှင်ဘက်မှ Day ကြေး ၂၀၀ ကျပ်နှင့် ရက်မှန်ကြေး ၂,၀၀၀ ကျပ်သာ တိုးပေးမည်ဟု ကမ်းလှမ်းခဲ့သဖြင့် ပြေလည်မှုမရရှိဘဲ အခြေအနေတင်းမာနေကာ ယမန်နေ့က စက်ရုံပိုင်ရှင်ဘက်မှ စက်ရုံတွင်းရှိ ပိတ်လိပ်များကို အပြင်သို့ သယ်ထုတ်ရွှေ့ပြောင်းမှုများပင် ရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

22