ပြည်တွင်း၌ ကျားဖြန့်လိမ်လည်သူများအနေဖြင့်၊ ယခုနောက်ပိုင်း၊ ကားဝပ်ရှော့လုပ်ငန်းများအထိ လိမ်လည်မှုဖြန့်ကျက်လာကြောင်း မန္တလေးမြို့အခြေစိုက်ကားဝပ်ရှော့လုပ်ငန်းများမှသိရသည်။ဝပ်ရှော့တွင်ပြုပြင်ရန်အပ်ထားသော ကားနှင့်ပတ်သက်သည့်အချက်အလက်ကိုစုံစမ်းပြီး၊ ကားပိုင်ရှင်ထံဆက်သွယ်ကာ အကွက်ချလိမ်လည်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ကားပိုင်ရှင်အား Kpay သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုတစ်ခုခုဖြင့်ငွေလွှဲခိုင်းပြီးပါက၊ ၎င်းတို့ဆက်သွယ်ထားသည့် ဖုန်းနံပါတ်အား အပြီးပိတ်လိုက်ကြောင်း၊ ယနေ့အထိ ထိုသို့လိမ်လည်ခံရသည့် ဖြစ်စဉ်ပေါင်း(၅)ခုထက်မနည်း ဖြစ်ထားကြောင်း သိရသည်။ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ကားပိုင်ရှင်(Owner)များအနေနှင့် ဝပ်ရှော့(Workshop)နှင့်ပတ်သက်သည့် အချက်အလက်ကို သေချာစိစစ်တောင်းယူပြီးမှ ကားအပ်ထားခဲ့သင့်ကြောင်း ဝေဖန်မှုတို့ရှိနေပြီး၊ ဝပ်ရှော့များဘက်ကလည်း လာရောက်ပြုပြင်သည့်ကားနှင့်ပတ်သက်သည့်အချက်အလက်အား မည်သူ့ကိုမှမပေးမိအောင် ဆင်ခြင်သင့်ကြောင်း သုံးသပ်မှုတို့လည်းရှိနေသည်။



