back

အိန္ဒိယတွင်ကျင်းပသည့် ဗုဒ္ဓဓာတ်တော်မွေတော်များ ပြပွဲဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်

Jan 06 • 1:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယတွင်ကျင်းပသည့် ဗုဒ္ဓဓာတ်တော်မွေတော်များ ပြပွဲဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ဇန်နဝါရီ ၃ ရက်က နယူးဒေလီမြို့၌ ကျင်းပသော "The Light and the Lotus: Relics of the Awakened One" ဗုဒ္ဓဓာတ်တော်မ...

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ဇန်နဝါရီ ၃ ရက်က နယူးဒေလီမြို့၌ ကျင်းပသော "The Light and the Lotus: Relics of the Awakened One" ဗုဒ္ဓဓာတ်တော်မွေတော်နှင့် ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက အဓိကဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အာဆီယံသံအမတ်ကြီးများနှင့် နိုင်ငံတကာသံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ ယခုခင်းကျင်းပြသသည့် Piprahwa ဗုဒ္ဓဓာတ်တော်များနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများသည် ကိုလိုနီခေတ်က နိုင်ငံပြင်ပသို့ ယူဆောင်သွားခြင်းခံခဲ့ရပြီးနောက် နှစ်ပေါင်း ၁၂၇ နှစ်အကြာတွင် အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယခုအခါ အများပြည်သူဖူးမြော်နိုင်ရန် တစ်စုတစ်စည်းတည်း ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

39