ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်ကို ကျင်းပမည်ဖြစ်ရာ ဝေဒနာရှင်များအနေဖြင့် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၇ နာရီမှစတင်ကာ လူကိုယ်တိုင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခုအကြိမ်တွင် မျက်စိဝေဒနာရှင် စုစုပေါင်း ၁,၅၀၀ ဦးကို လက်ခံကုသပေးသွားမည်ဖြစ်ပြီး၊ အကယ်၍ သတ်မှတ်လူဦးရေထက် ကျော်လွန်သွားပါက လာမည့်မတ်လတွင် ပြုလုပ်မည့် (၁၇) ကြိမ်မြောက် ကုသမှုအစီအစဉ်၌ ဦးစားပေးစာရင်းသွင်း ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


