back

စင်ကာပူတွင် မုန့်ဖိုးကိစ္စကြောင့် ဖခင်ကိုလက်သီးနဲ့ထိုး၊ ဦးလေးကိုပါ ဓားနဲ့ထောက်ခဲ့တဲ့ ဆယ်ကျော်သက်ကလေး ပြုပြင်ထိန်းသိမ်းရေးစခန်း ပို့ဆောင်ခံရ

Jan 06 • 1:52 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် မုန့်ဖိုးကိစ္စကြောင့် ဖခင်ကိုလက်သီးနဲ့ထိုး၊ ဦးလေးကိုပါ ဓားနဲ့ထောက်ခဲ့တဲ့ ဆယ်ကျော်သက်ကလေး ပြုပြင်ထိန်းသိမ်းရေးစခန်း ပို့ဆောင်ခံရ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် စင်ကာပူတရားရုံးက အသက် (၁၇) နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါလူငယ်အား အနည်းဆုံး တစ်နှစ်ကြာ ပြုပြင်ထိန်းသိမ်းရေးစခန်း (Reformat...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် စင်ကာပူတရားရုံးက အသက် (၁၇) နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါလူငယ်အား အနည်းဆုံး တစ်နှစ်ကြာ ပြုပြင်ထိန်းသိမ်းရေးစခန်း (Reformative Training) သို့ ပို့ဆောင်ရန် အမိန့်ချမှတ်လိုက်ပါတယ်။ ဤလူငယ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့က စင်ကာပူနိုင်ငံရှိ Housing Board flat အိမ်ရာတစ်ခုအတွင်း၌ ၎င်း၏အသက် (၅၁) နှစ်အရွယ် ဖခင်ဖြစ်သူနှင့် မုန့်ဖိုးပေးရမည့် ပမာဏအပေါ် အငြင်းပွားမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစဉ်က ၎င်းသည် အခန်းထဲမှ Karambit ဓားတစ်ချောင်းကို ယူဆောင်ကာ ဖခင်ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သလို၊ ဓားကို လုယူခံလိုက်ရသည့်အခါတွင်လည်း ဖခင်၏မျက်နှာကို လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးနှက်ခဲ့တာပါတယ်။လက်ရှိတွင် အဆိုပါလူငယ်သည် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ရာဇဝတ်ကြောင်းအရ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုနှင့် သူတပါးအမှတ်အသားကို အသုံးပြုကာ လိမ်လည်မှုစသည့် ပြစ်မှုပေါင်းများစွာကို ဝန်ခံခဲ့ပါတယ်။

news-view-count-icon

14