မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရွှေစက်တော်နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဘုရားကျေးရွာရှိ နေအိမ်များသို့ လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် ချက်ပြုတ်ရာ၌ ပေါ့ဆမှုကြောင့် မီးမလောင်စေရေး၊ မီးချိတ်၊ မီးကတ်၊ သဲနှင့် ရေပုံးများ အရန်သင့်ထားရှိရေး၊ လျှပ်စစ်မီးကြိုးနှင့် ခလုတ်များ စနစ်တကျရှိစေရေးတို့ကို အလေးထားစစ်ဆေးခဲ့ပြီး မီးဖိုချောင်အနီးတွင် မီးလောင်လွယ်သောလောင်စာများ မထားရှိရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အိမ်တိုင်ရာရောက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Jan 06 • 1:42 AM
မြန်မာ
မကွေး
မျှဝေမည်
| 26 | 0 | 0 | 0 |


