မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် ၎င်း၏အစိုးရအပေါ် မြို့ပြလူထုနှင့် အတိုက်အခံများ၏ ဖိအားပေးမှုများ ရှိနေချိန်တွင် ဝန်ကြီးချုပ်ရာထူးအား သက်တမ်းနှစ်ကြိမ် (၁၀ နှစ်) သာ ထမ်းဆောင်ခွင့်ပြုမည့် ကန့်သတ်ချက်အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ကြေညာလိုက်သည်။ ဝန်ကြီးချုပ်ရုံး နှစ်သစ်ကူးမိန့်ခွန်း၌ အန်ဝါက ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ သက်တမ်းကာလအတွင်းသာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်သင့်ပြီး မည်သည့်ခေါင်းဆောင်မျှ ဆယ်စုနှစ်များစွာ တာဝန်မယူသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိ မလေးရှားဖွဲ့စည်းပုံအရ လွှတ်တော်အမတ်အများစု၏ ထောက်ခံမှုရရှိပါက အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်သော်လည်း၊ ယခုကဲ့သို့ သက်တမ်းကန့်သတ်ရန် ကြိုးပမ်းခြင်းမှာ လာမည့်ရွေးကောက်ပွဲမတိုင်မီ မြို့ပြမဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်နှင့် အစိုးရယန္တရားကို အားသစ်လောင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 06 • 1:43 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


