ယူအက်စ်အိုးပင်းချန်ပီယံဟောင်း ဗြိတိန်တင်းနစ်မယ် အမ်မာရာဒူကာနူသည် ခြေဖဝါးဒဏ်ရာကြောင့် ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ရမည့် ယူနိုက်တက်ဖလား (United Cup) ပြိုင်ပွဲ၏ ဂျပန်အသင်းနှင့်ပွဲစဉ်ကို လွဲချော်ခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်တွင် ချန်ပီယံဆုရရှိပြီးနောက်ပိုင်း ဒဏ်ရာပြဿနာများနှင့် ဆက်တိုက်ရုန်းကန်နေရသည့် အသက် ၂၃ နှစ်အရွယ် ရာဒူကာနူသည် ၂၀၂၅ ခုနှစ်ကုန်ပိုင်းကတည်းက ခြေဖဝါးဒဏ်ရာ ခံစားနေရခြင်းဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့အဆင့် ၂၉ နေရာအထိ ကျဆင်းသွားခဲ့သည်။ ဗြိတိန်အသင်းခေါင်းဆောင် ဟမ်းမန်း၏ ပြောကြားချက်အရ ရာဒူကာနူသည် နာကျင်မှုများ ခံစားနေရဆဲဖြစ်သဖြင့် လာမည့်ပွဲစဉ်များတွင် ပါဝင်နိုင်မှု ရှိ၊ မရှိကို ဒဏ်ရာသက်သာလာမည့် အခြေအနေပေါ်မူတည်၍ စောင့်ကြည့်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 06 • 1:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


