ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီ (Tyson Fury) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အူဆက်ခ်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ်အတွင်း ကြိုးဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ အသက် ၃၇ နှစ်အရွယ်ရှိ ဖြူရီသည် ထိုင်းနိုင်ငံတွင် တောင်အာဖရိကလက်ဝှေ့သမား လီရီနာနှင့်အတူ လေ့ကျင့်မှုများပြုလုပ်နေသည့် ပုံများထွက်ပေါ်လာပြီးနောက်၊ ၎င်းအနေဖြင့် ပြိုင်ဘက်များကို ထိမိသည့် လက်သီးချက်များ ထိုးနိုင်ဆဲဖြစ်သည်ကို မကြာမီသက်သေပြသွားမည်ဖြစ်ကြောင်း ၎င်း၏ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း အနားယူမည်ဟု ကြေညာပြီးမှ လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာဖူးသည့် ဖြူရီအတွက် ယခုတစ်ကြိမ်သည် အနားယူပြီးနောက် ဒုတိယအကြိမ်မြောက် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ခြေချခြင်း ဖြစ်ပါသည်။
Jan 06 • 1:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |



