back

အမျိုးသားလွှတ်တော် ၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီ ၁၀ နေရာဖြင့် အများဆုံးအနိုင်ရရှိကြောင်း UEC ထုတ်ပြန်

Jan 06 • 1:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမျိုးသားလွှတ်တော် ၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီ ၁၀ နေရာဖြင့် အများဆုံးအနိုင်ရရှိကြောင်း UEC ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ (အပိုင်း-၁) ၏ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာအတွက် အနိုင်ရကိုယ်စားလှယ်စာရင်းကို ပြည်ထောင်...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ (အပိုင်း-၁) ၏ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာအတွက် အနိုင်ရကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၁၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့် နေရာများတွင် ဇိုမီးအမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့က ၃ နေရာစီ၊ ရခိုင်တိုင်းရင်းသားများပါတီက ၁ နေရာစီ အသီးသီး အနိုင်ရရှိခဲ့ကြသည်။ လက်ရှိအချိန်ထိ အမျိုးသားလွှတ်တော်အတွက် စုစုပေါင်း ၁၈ နေရာနှင့် ပြည်သူ့လွှတ်တော်အတွက် ၁၁၆ နေရာ (ယင်းအနက် ပြည်ခိုင်ဖြိုး ၁၀၂ နေရာ) တို့ကို အတည်ပြုကြေညာထားပြီးဖြစ်ကာ၊ ကျန်ရှိသည့် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နှင့် နောက်ပိုင်းရက်များတွင် မြို့နယ်အလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

37