စင်ကာပူနိုင်ငံ၊ Tanjong Pagar Plaza အတွင်းရှိ တရားမဝင်ပြည့်တန်ဆာလုပ်ငန်းနှင့် လိုင်စင်မဲ့အနှိပ်ခန်းများကို ရဲတပ်ဖွဲ့က စက်တင်ဘာလမှစတင်ကာ တင်းကြပ်စွာ စစ်ဆေးအရေးယူခဲ့ရာ မကြာသေးမီလပိုင်းအတွင်း ဆိုင်ခန်း ၁၀ ဆိုင်ခန့် ဆက်တိုက်ပိတ်သိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါစျေးဝယ်စင်တာအတွင်း မူကြိုကျောင်းများရှိနေသဖြင့် ကလေးငယ်များအတွက် မသင့်လျော်သည့် ပတ်ဝန်းကျင်ဖြစ်လာမည်ကို မိဘများက စိုးရိမ်နေကြသောကြောင့် အာဏာပိုင်များက ယခုကဲ့သို့ စီမံချက်ချ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးအရေးယူထားသည်။ လက်ရှိတွင် လွှတ်တော်အမတ်နှင့် တာဝန်ရှိသူများက ပိတ်သိမ်းသွားသည့် နေရာများ၌ ဂီတသင်တန်းကျောင်းများ၊ မိသားစုစားသောက်ဆိုင်များနှင့် လူထုအတွက် အမှန်တကယ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အစားထိုးဝင်ရောက်စေခြင်းဖြင့် Tanjong Pagar Plaza ကို မိသားစုနှင့် သင့်လျော်သော သန့်ရှင်းသည့် နေရာသစ်တစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲလျက်ရှိပါသည်။
Jan 06 • 1:34 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


