back

ထိန်ပင်ရွာ ခရမ်းချဥ်သီးစိုက်သူများ အထွက်ကောင်း၍ အမြတ်ပိုရ

Jan 05 • 3:12 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ထိန်ပင်ရွာ ခရမ်းချဥ်သီးစိုက်သူများ အထွက်ကောင်း၍ အမြတ်ပိုရ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ထိန်ပင်ကျွေးရွာက တောင်သူတွေဟာ နှစ်စဥ် သီတင်းကျွတ်ကာလ နောက်ပိုင်းရောက်မှသာ ခရမ်းချဥ်သီးကို စိုက်ပျိုးကြတာ ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ထိန်ပင်ကျွေးရွာက တောင်သူတွေဟာ နှစ်စဥ် သီတင်းကျွတ်ကာလ နောက်ပိုင်းရောက်မှသာ ခရမ်းချဥ်သီးကို စိုက်ပျိုးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နှစ်က ခရမ်းချဥ်သီးပွဲရုံသွင်းတဲ့ ဈေးက တစ်ပိဿာကို ကျပ်ခုနစ်ထောင်ရှိခဲ့တာပါ။ အခုနှစ်စမှာတော့ တစ်ပိဿာကို ကျပ်ငါးထောင်သာ ရှိပေမဲ့ ခရမ်းချဉ်သီး အထွက်နှုန်းကောင်းတာကြောင့် အမြတ်ပို ရရှိတယ်လို့ ထိန်ပင်ကျွေးရွာက ခရမ်းချဥ်သီးစိုက်တောင်သူ ဒေါ်ရီဝင်းက ပြောပါတယ်။ ဒေသခံတောင်သူတွေဟာ အခုလို ပွင့်လင်းရာသီမှာ ခရမ်းချဥ်သီးအပြင် ဆလတ်ရွက်၊ မုန်ညင်းဖူး၊ အိုးမုန်ညင်း၊ မတ်ပဲ တို့ကို စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးကုန်ကျစရိတ် မြင့်မားလာတာ၊ ဓာတ်မြေသြဇာ၊ သွင်းအားစုတွေ၊ ပိုးသတ်ဆေး၊ မျိုးစေ့တွေ အပြင် နေ့စားအလုပ်သမား ရှားပါးလာမှုတွေကြောင့် အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။




news-view-count-icon

40