back

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့

Jan 05 • 3:10 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့

ရန်ကုန်စတော့အိပ်ချိန်းတွင် FMI(First Myanmar Investment Public Co.Ltd)၊ MTSH(Myanmar Thilawa SEZ Holdings Public Co.,Ltd၊ MCB(Myanmar Citizen Bank Ltd၊ FPB(Firs...

ရန်ကုန်စတော့အိပ်ချိန်းတွင် FMI(First Myanmar Investment Public Co.Ltd)၊ MTSH(Myanmar Thilawa SEZ Holdings Public Co.,Ltd၊ MCB(Myanmar Citizen Bank Ltd၊ FPB(First Private Bank Limited၊ TMH(TMH Telecom Public Co.,Ltd၊ EFR(Ever Flow River Group Public Co.,Ltd၊ AMATA (Amata Holding Public Co.,Ltd၊ MAEX (Myanmar Agro Exchange Public Co.,Ltd) စသည်ဖြင့် ကုမ္ပဏီတို့ (၈) ခုတို့က စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာအရေအတွက်စုစုပေါင်း (Total Trading Volume) ၅၃၆၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုးစုစုပေါင်း (Total Trading Value) ကျပ် ၁၃ ဒသမ ၀၂ သန်းကျော်ရှိခဲ့သည်။ရန်ကုန်စတော့အိပ်ချိန်း၏တစ်နေ့တာရှယ်ယာအပိတ်ဈေးနှုန်းများအနေဖြင့် FMI က ကျပ် ၈၆၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ MTSH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၇၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၁၁၈ စောင်၊ MCB က ရှယ်ယာအပိတ်ဈေး ကျပ် ၇၈၀၀ ရှိခဲ့ကာ ရှယ်ယာ ၇၉ စောင်၊ FPB က ရှယ်ယာအပိတ် ဈေး ကျပ် ၂၄၅၀ ရှိခဲ့ကာ ရှယ်ယာ ၁၀၃၄ စောင်၊ TMH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၅၅၀ ရှိခဲ့ကာ ရှယ်ယာ ၃၅ စောင်၊ EFR က ရှယ်ယာအပိတ်ဈေး ကျပ် ၁၆၅၀ ရှိခဲ့ကာ ရှယ်ယာ ၂၈၇၁ စောင်၊ AMATA က ရှယ်ယာ အပိတ်ဈေး ကျပ် ၄၉၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆၇ စောင်၊ MAEX က ရှယ်ယာအပိတ်ဈေး ကျပ် ၃၂၅၀ ရှိခဲ့ကာ ရှယ်ယာ ၄၉ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာအရောင်းအဝယ်ဖြစ်မြောက်မှုအနေဖြင့် အစုရှယ်ယာအရေအတွက်စုစုပေါင်း ၁၁၉၉၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုး ကျပ် ၁၆၅ ဒသမ ၁၁ သန်းရှိသည်။




news-view-count-icon

29