back

မီးကွင်းပုံ နေကြတ်သောဖြစ်စဉ်ကြုံမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ မြင်နိုင်မည်မဟုတ်ဟုဆို

Jan 05 • 3:09 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မီးကွင်းပုံ နေကြတ်သောဖြစ်စဉ်ကြုံမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ မြင်နိုင်မည်မဟုတ်ဟုဆို

လာမည့် ဖေဖော်ဝါရီလအတွင်း ၂၀၂၆ ခုနှစ်၏ ပထမဆုံးသော နေကြတ်သောဖြစ်စဉ်တစ်ခုကြုံမည်ဖြစ်ပြီး အဆိုပါ နေကြတ်ခြင်းမှာ မီးကွင်းပုံဖြစ်စဉ်မျိုးလည်းဖြစ်သလို မြန်မာနိုင်ငံမှ ...

လာမည့် ဖေဖော်ဝါရီလအတွင်း ၂၀၂၆ ခုနှစ်၏ ပထမဆုံးသော နေကြတ်သောဖြစ်စဉ်တစ်ခုကြုံမည်ဖြစ်ပြီး အဆိုပါ နေကြတ်ခြင်းမှာ မီးကွင်းပုံဖြစ်စဉ်မျိုးလည်းဖြစ်သလို မြန်မာနိုင်ငံမှ မြင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ဝါသနာရှင်များအဖွဲ့မှ သိရသည်။အဆိုပါ ဖြစ်စဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကြုံမည်ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်အစွန်းပိုင်းမှ ဒေသများမှာ အဓိကမြင်တွေ့နိုင်မှာဖြစ်သလို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းနှင့် အန္တာတိကတိုက်မှ အဓိကမြင်တွေ့နိုင်မည်ဖြစ်ကြောင်း၊ တစ်စိတ်တစ်ပိုင်းအခြေအနေမျိုးအဖြစ် အာဖရိကတောင်ပိုင်းဒေသများဖြစ်သော တောင်အာဖရိက၊ နမီးဘီးယား စသည့်ဒေသများ၊ တောင်အမေရိကတိုက် တောင်ဘက်အစွန်းဒေသများဖြစ်သော ချီလီ၊ အာဂျင်တီးနား စသည့်ဒေသများမှ မြင်တွေ့နိုင်မည်ဟု သိရသည်။




news-view-count-icon

37