back

ကရင်ပြည်နယ်တွင် ၇၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် မုန့်ပွဲတော် နှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ

Jan 05 • 3:00 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်တွင် ၇၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် မုန့်ပွဲတော် နှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ

၇၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်းတွင်တည်ရှိသော ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၊အားကစားကွင်၌ ယမန်နေ့ ၂...

၇၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်းတွင်တည်ရှိသော ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၊အားကစားကွင်၌ ယမန်နေ့ ၂၀၂၆ဇန်နဝါရီလ၄ ရက်နေ့က ပညာထူးချွန်ဆုချီးမြင့်ခြင်း၊မြန်မာ့ရိုးရာ ထမနဲထိုးပွဲ၊ မုန့်ပွဲတော် နှင့်ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။၂၀၂၆ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့၊ ၇၈နှစ်မြောက်လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲ၊ရိုးရာလွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ဇန်နဝါရီလ ၄ ရက်နေ့ညနေပိုင်းတွင် ကျောင်းသူကျောင်းသားများအားထူးချွန်ဆုချီးမြင့်ခြင်းနှင့် မုန့်ပွဲတော်တို့ကိုစည်ကားစွာကျင်းပခဲ့ပြီး ကျောင်းသူကျောင်းသားများက တေးသီချင်းများဖြင့်ဖျော်ဖြေခြင်၊ရိုးရာ အက အလှများဖြင့် ပျော်ရွှင်စွာဖျော်ဖြေခဲ့ကြ သည်။

news-view-count-icon

37