back

ကယားပြည်နယ်တွင် ‎ကော်ယော်မနုမနောအမျိုးသားနေ့အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်

Jan 05 • 3:00 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်တွင် ‎ကော်ယော်မနုမနောအမျိုးသားနေ့အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်

ကရင်နီ(ကယား)ပြည်နယ်၊ ဖွံဘော်ခွတ်မြို့နယ်၊ ဒေ့ခွတ်လာကျေးရွာမှာ၂၆ကြိမ်မြောက် ကော်ယော်မနုမနောအမျိုးသားနေ့အခမ်းအနားတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။‎ကော်ယော်မနုမနော...

ကရင်နီ(ကယား)ပြည်နယ်၊ ဖွံဘော်ခွတ်မြို့နယ်၊ ဒေ့ခွတ်လာကျေးရွာမှာ၂၆ကြိမ်မြောက် ကော်ယော်မနုမနောအမျိုးသားနေ့အခမ်းအနားတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။‎ကော်ယော်မနုမနောအမျိုးသားနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုတော့ "ကော်ယော်လူမျိုးများ စုစုစည်းစည်းပြန်လည်တွေ့ဆုံနိုင်ဖို့နဲ့ စာပေသမိုင်းယဥ်ကျေးမှုကိုပိုမိုသိရှိစေပြီး ကော်ယော်မနုမနောလူမျိုးအနေဖြင့် မိမိကိုယ်ကို အသိအမှတ်ပြုသိရှိစေရန် ရည်ရွယ်ပြုလုပ်ကျင်းပရခြင်းဖြစ်တယ်" လို့ တာဝန်ရှိသူတစ်ဦးထံမှသိရပါသည်။‎ကော်ယော်မနုမနောအမျိုးသားနေ့အခမ်းအနားမှာ ကော်ယော်မနုမနောအမျိုးသားအလံအား အလေးပြုခြင်း၊ အမျိုးသားသီချင်းသီဆိုခြင်း၊ အဖွဲ့အစည်းအသီးသီးမှပေးပို့လာသောသဝဏ်လွှာများ ဖတ်ကြားခြင်း၊ အခမ်းအနားသို့တက်ရောက်လာတဲ့ အဖွဲ့အစည်းခေါင်းဆောင်အချို့မှ အားပေးအမှာစကားပြောကြားခြင်း ၊ ကော်ယော်မနုမနောလူမျိုးစု ဆင်းသက်လာပုံနောက်ခံသမိုင်းရှင်းပြခြင်း ၊ ကော်ယော်မနုမနောအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းဖတ်ပြခြင်း၊ ဘောလုံးပြိုင်ကစားသမားကိုဆုပေးအပ်ခြင်း နဲ့‎အကပဒေသာဖျော်ဖြေတင်ဆက်ခြင်းစတဲ့အစီအစဉ်များပြုလုပ်ခဲ့ကြပါတယ်။

news-view-count-icon

68