လေ့လာသူ တစ်ဦးဖြစ်တဲ့ Kasetsart University က လက်ထောက် ပါမောက္ခ Dr.Thon Thamrongnawasawat ရဲ့ ခန့်မှန်းချက်အရ အခု နှစ်ဦးပိုင်းမှာအေးမှာဖြစ်ပြီး နှစ်လယ်မှာတော့ မိုးနည်းပြီး ရာသီဥတုပူတဲ့ အယ်နီညိုဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ဇန်နဝါရီ- ဖေဖော်ဝါရီ - ဒီ နှစ်လမှာ အားနည်းတဲ့ အယ်နီညိုဖြစ်နိုင်ပြီး ထိုင်းနိုင်ငံနဲ့အဝန်းအေးနေဦးမှာဖြစ်သလို တောင်ပိုင်းမှာတော့ မိုးတွေ ရွာဦးမယ်လို့ဆိုပါတယ်။ အရမ်းပြင်းထန်တဲ့ ရာသီဥတုတော့မဖြစ်နိုင်ပါ။သတင်းဆိုးကတော့ အယ်နီညိုပြင်းထန်မယ့်ကာလက ဇူလိုင်နဲ့ နှောင်းပိုင်းမှာဖြစ်တော့ မိုးရွာတာတွေနည်းနိုင်ပြီး မိုးမျှော်ရတဲ့သူတွေ သတိထားဖို့လိုတယ်လို့ တိုက်တွန်းထားပါတယ်။ ဒီ ခံစားမှုကို တစ်ကမ္ဘာလုံး မြင်ရမှာဖြစ်ပြီး အထူးသဖြင့် ဂျပန်လိုနိုင်ငံမျိုးမှာဆို ဇူလိုင်- သြဂုတ် အရမ်းပူမယ်လို့ဆိုပါတယ်။



